.............

...........

The Buddhist monks protest against the military government to release all political prisoners, to stop civil war and for peace in Mandalay in Burma on 15 November, 2011

-------------------

..........

ကျွန်တော်လေးစားသော ဆရာကြီးဦးဝင်းတင်

ရှစ်လေးလုံး အရေးတော်ပုံ ခေါင်းဆောင်များ

..................

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Friday 1 July 2011

ရွှေ့ ပြောင်း အလုပ်သမားများ မှတ်ပုံတင်ခြင်း အစီအစဉ်နှင့် လက်ရှိအခြေအနေများ ဆွေးနွေးခြင်း


ရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ခြင်းဆိုင်ရာ အစည်း အဝေး တခုကို မဲဆောက်မြို့ Wattana Village Resort တွင် ယခုလ ဂျွှန်(၁၄)ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။
အစည်းဝေကို SHIELD, USAID, IOM, ADRA စသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကမကထ ပြုလုပ်ခြင်း ဖြစ်ပြီး ရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ခြင်း အစီအစဉ် နှင့် သက်ဆိုင်သည့် ဌာနများဖြစ်သော အလုပ်သမားရှာဖွေ ရေးရုံး၊ အလုပ်သမား စစ်ဆေးရေးရုံး၊ ရွှေ့ပြောင်း အလုပ်သမား စီမံခန့်ခွဲရေးနှင့် ပတ်သက်၍ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး ရုံး၊ မဲဆောက် လုပ်ငန်းရှင်ကြီး များအသင်း၊ ရဲဌာနမှ အရာရှိများ အပြင် မြန်မာ အလုပ်သမား အရေးလုပ်ကိုင် နေသော အလုပ် သမား  အဖွဲ့အစည်း တို့ကိုလည်း ဖိတ်ကြား တက်ရောက် စေခဲ့ပါသည်။
ပထမဆုံး အနေနှင့် ရွှေ့ပြောင်းအလုပ်သမားများအား မှတ်ပုံတင်ရေး စီမံချက်အစီ အစဉ်အသေး စိပ်ကို မဲဆောက် အလုပ်သမား ရှာဖွေရေးရုံး အရာရှိက ရှင်းလင်းပြောဆိုပြီး အလုပ်သမားအခွင့်အရေးများ တောင်းဆိုခြင်းနှင့်ပတ်သက်၍ မဲဆောက် အလုပ်သမား စစ်ဆေးရေးအရာရှိက ဆက်လက် ရှင်းပြခဲ့ပါသည်။ ထို့နောက် ရွှေ့ပြောင်း အလုပ်သမား စီမံခန့် ခွဲရေးနှင့် ပါတ်သက်၍ မဲဆောက်မြို့ အုပ်ချုပ်ရေးမှူးရုံး အရာရှိ ကလည်းကောင်း၊ မဲဆောက် မြို့နယ် စီးပွားရေး၊ ရင်းနှီးမြုပ်နှံ မှုနှင့် ပါတ်သက်၍ မဲဆောက်မြို့ လုပ်ငန်းရှင်ကြီး များအသင်း ကိုယ်စားလှယ်မှ လည်းကောင်း အသီးသီး ရှင်း လင်းပြောကြား သွားခဲ့ပါသည်။ တက်ရောက် လာသော မြန်မာအလုပ်သမား အရေး ဆောင်ရွက် နေသည့် အဖွဲ့အစည်းများကလည်း အလုပ် သမားများ ကြုံတွေ့နေရ သည့် အခက်အခဲ ပြဿနာများကို တင်ပြခဲ့ ကြသည်။
နောက်ဆုံး အစီအစဉ်အရ မြန်မာ အလုပ်သမားအရေး ဆောင်ရွက် နေကြသည့် အဖွဲ့ အစည်းများက မရှင်းလင်း၍ ပြန်လည် မေးမြန်းသည့် မေးခွန်းများကို သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးသွား ခဲ့ပါသည်။
BLSOမှ ရဲဘော်စိုင်းလတ်မှ အစည်းအဝေတွင် တက် ရောက်ခဲ့ပါသည်။ အလုပ်သမားများရသည့် လုပ်အားခမှာ နည်းပါလှပြီး အလုပ်သမား လက်မှတ်ခ ၃၈၀၀ ဘတ်မှာများ လှသဖြင့် အလုပ်သမားများ လက်မှတ်လုပ်ရန် အခက်အခဲ ရှိနိုင်ကြောင်း တင်ပြခဲ့ပါသည်။ အလုပ်ရှင်များမှ အလုပ်သမား လက်မှတ် ကုန်ကျငွေကို ကြိုတင် စိုက်ထုတ်ပေး၍ လုပ်အားခ လစဉ် ဖြတ်ယူခြင်းနှင့် အလုပ်ရှင်မှ အလုပ်သမား လက်မှတ်ခ တ၀က်ကိုစိုက်ထုတ်ပေးရန် ဆွေးနွှေးခဲ့သည်ဟုသိရသည်။  
ဆွေးနွေးပွဲကို နံနက်(၉)နာရီတွင် စတင်ပြီး မွန်းလွဲ (၁)နာရီခွဲတွင် ပြီးဆုံးခဲ့ပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More