.............

...........

Friday, 30 December 2011

မင်္ဂလာ နှစ်သစ် ၂၀၁၂ ကိုကြိုရအောင် ( သံဒုတ် )

မိတ်ဆွေများ, ရဲဘော်ရဲဘက်များ, သူငယ်ချင်းများ ခင်ဗျာ ....... မင်္ဂလာပါလို့ ခင်မင်ရင်းနှီးစွာ ပထမဆုံး မိတ်ဆက်လိုက်ပါတယ်။ မနက်ဖြန်ဆိုရင် နှစ်သစ်ရောက်ပြီပေါ့။ ဒီနေ့ကတော့ ၂၀၁၁ခုနှစ်ရဲ့ နောက်ဆုံးတနေ့ပေါ့။ အခက်အခဲများ၊ ပြဿနာများ၊ အရှုပ်အထွေးများ၊ အဆင်မပြေမှုများ၊ စိတ်မချမ်းမြေ့စရာများ၊ ပဋိပက္ခများ၊ စစ်ပွဲများ၊ သဘာဝဘေးအန္တရယ်များ၊ မထင်မှတ်သော ဘေးဒုက္ခများ၊ မိမိကမလုပ်ဆောင်သော်လည်း မမျှော်လင့်ပဲရောက်လာတတ်သော ပြဿနာများ၊  မကောင်းမှုအားလုံး ၂၀၁၂ခုနှစ်တွင် ကင်းရှင်း ပါယ်ရှား မကျရောက်ပါစေကြောင်း နှစ်သစ်အတွက် ဆုတောင်းပါတယ်။ နှစ်သစ်တွင် အားလုံ ပျော်ရွှင်ချမ်းမြစေကြောင် ဆုတောင်းပါတယ်။ နောက်နှစ်မှာ ပြန်ဆုံကြရအောင်ပါ။ ( သံဒုတ်...

Monday, 26 December 2011

ရဲဘော်တို့ အရှုပ်ထဲက ရှင်းအောင်နေ ( သံဒုတ် )

ဒီနေ့ နယ်စပ်မှာ ဖြစ်နေတာကိုပြောတာပါ။ သိန်းစိန်အစိုးရက ရထားဝန်ကြီး အောင်မင်းလား မင်းအောင်လား မသိပါဘူး။ ( သိတယ် မပြောချင်လို့ ) အဲဒီကောင်နဲ့တွေ့ရရင်ကို လူရာဝင်နေပြီမှတ်နေကြသလား မသိဘူး ။ ထိုင်စကားပြောကြ။ ဓါတ်ပုံရိုက်ရရင်ကို အဟုတ်မှတ်နေတဲ့ကောင်တွေက ရှိသေးတယ်။ တကယ်လက်နက်ကိုင်တိုက်နေကြလို့ လူတွေဒုက္ခရောက်ကြ၊ နေ့စဉ်လူတွေသေကြလို့ အပစ်ရပ်ဖို့ စကားပြောကြဖို့လုပ်တာကို မပြောချင်ပါ ဘူး။ လက်တွေတိုက်နေတဲ့ ကချင်လို KIA လို KNU လို အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တတန်းတစားထဲထားလို့မရဘူးဆိုတာ ကိုတော့ ပြောရတော့မယ်။ ဆွေးနွေးတဲ့ ပုံသဏ္ဍန် တွေကမတူပါဘူး။ ဆွေးနွေးရေးတွေက ဘယ်လောက်ခက်ခဲသလဲ။ ညီညွတ်ရေးကို စစ်ရေးသဘော နိုင်ငံရေး သဘော တပ်ပေါင်းစုသဘော ရှာနေကြတဲ့ အချိန်မှာ ------ ခုတလော မဖွယ်မရာမြင်တွေ့ ကြားသိနေရတာက  တကိုယ်တော်ဆွေးနွေးတွေ့ ဆုံနေကြတဲ့ FDB က အထွေထွေအတွင်းရေးမှုဆို တဲ့ကို နိုင်အောင်လို လူမျိုးတွေက...

Sunday, 25 December 2011

ငါဟာကျောင်းသား အစစ်ဖြစ်တယ်။ ( သံဒုတ် )

ငါတို့ဟာ ကျောင်းသားအစစ်တွေဖြစ်တယ် ကွ။ ငါတို့ဟာ ကျောင်းသားအစစ်တွေ ဖြစ်တယ်ကွ။ သူများကို လူမဆန်စွာ မသတ်ရဲပေမဲ့ တော်လှန်ရေးမှာ ဘယ်လို ပုန်သဏ္ဍန် နဲ့ သေရသေရ သေရဲတယ်မှတ်ပါ။ သေရဲလို့ တော်လှန်ရေးလုပ်နေတာ။ ငါ့နာမည် သံဒုတ်ဖြစ်တယ်။ ငါမှာ အုပ်စုမရှိဘူး ဂိုဏ်မရှိဘူး၊ ငါတို့ ရန်သူနဲ့ စေ့စပ်တဲ့ သမိုင်းမရှိဘူးကွ။ မြောက်ပိုင်းမှာ လူမဆန်စွာ အသတ်ခံခဲ့ရတဲ့ ရဲဘော်တွေကို သံဒုတ် အလေးပြုတယ်။ ငါဟာကျောင်းသား အစစ်ဖြစ်တယ်။( သံဒုတ်...

Thursday, 22 December 2011

Tuesday, 20 December 2011

ခွပ်ဒေါင်းလုပွဲ လမ်းမထက်က ကျောချင်းကပ် သပိတ်တိုက်ပွဲများ ( သံဒုတ်) - အပိုင်း ၁

ရှစ်လေးလုံးကာလ စက်တင်ဘာ ၁၈ရက် အာဏာသိမ်းတဲ့ နေ့က ကျွန်တော်က မန္တလေးမှာရောက်နေတယ်။ အဓိကလာရတဲ့ အကြောင်းအရင်း က မန္တလေး သပိတ်တပ်ပေါင်းစုက အထက်ဗမာပြည် သပိတ်တပ်ပေါင်းစု ညီလာခံခေါ်မဲ့ကိစ္စမှာ ကျွန်တော်တို့ ကျောက်ဆည် သပိတ်ကော်မတီ က တတ်နိုင်  ဖက်က ပူးပေါင်းဆောင်ရွက်မလို့ပါ။ အဲဒီနေ့ မတိုင်မှီကထဲက သပိတ်ကာလ အတွင်း ကျွန်တော်အဖေကတော့ မန္တလေးကို   မကြာမကြာ သွားနေတယ်။ အဓိကကတော့ နိုင်ငံရေးကိစ္စတွေကို သူရဲ့ မိတ်ဆွေတွေနဲ့ သွားဆွေးနွေတယ်လို့ပဲ သိရတယ်။ကျွန်တော်အဖေ အနေဖြင့် သပိတ်ကာလ အထက်ဗမာပြည် ညီလာ ခံခေါ်မဲ့ ကိစ္စသိထားပြီးဖြစ်ပုံရတယ်။ ဒါကြောင့် ကျောက်ဆည်သပိတ်ကော်မတီမှာ ဒီကိစ္စ ကို ဆွေးနွေးတော့ အားလုံးက သဘောတူထောက်ခံပြီး လူလွှတ်ကူညီဖို့အထိ အစည်းအဝေးမှာကို ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ မန္တလေးကို ဂျစ်ကားနဲ့ လာခဲ့ကြတယ်။ သပိတ်တပ်ပေါင်းစုက မန္တလေးဘုရားကြီးနားက စစ်ကိုင်းသွားတဲ့ လမ်းဘေးက...

Sunday, 18 December 2011

မိဘ ဆရာ အစည်းအဝေး ( BLSO ကျောင်း )

မူလတန်း ပညာရေးကို မဖြစ်မနေကြိုးစားပြီး ကလေးများကို ပြီးဆုံးအောင် သင်ကြားနိုင်ရေး  ကြိုးစားရန် တိုက်တွန်းရပါတယ်။ ဒါဟာ တချို့မိဘတွေအတွက် အလွန်မတန်ကြီးကျယ်သော ကိစ္စ ရုန်းကန်မှု ဘ၀ပါပဲ။ ဒါဟာ ပကတိအခြေအနေ အစစ်အမှန်ပါ။ သင်ရတဲ့  ၆နှစ်တာကာလ တခုအတွင်း တချို့မိသားစုတွေဟာ တနေရတည်းမှာ အလုပ်တခုတည်းမှာ လုပ်ဖို့ခက်ခဲကြတယ်။ ကလေးတွေဟာ မိဘတွေနဲ့ အတူလိုက်ပါပြောင်းရွေ့ကြရတယ်။   မူလတန်း ပညာရေးဆိုတာ လူ့ဘ၀အတွက် မရှိလိုကို မဖြစ်တဲ့ ပညာရေးပါပဲ။ လူသားအားလုံး သင်ကြားနိုင် ကြပါ...

Saturday, 17 December 2011

ခေါင်းစဉ်မရှိဘူး - ရေးချင်တာရေးနေတာ - ထင်ရာမြင်ရာ ( သံဒုတ် ) - အပိုင်း ၃

လူ့ပြည်မှာ လူတွေနေကြတယ်။ လူလိမ်တွေများတယ်။ အများထဲမှာ ကျွန်တော် မပါ မဟုတ် ။ ဟန်ဆောင်မှုမရှိပဲ အသက်ရှင်လို့ကို မရဘူးဆိုတော့ ဘိန်းဆွဲသလို ဟန်ဆောင်မှုဆွဲပြီး အသက်ရှင်နေကြရတာကိုက အသက်မဲ့နေတာပါပဲ။ အရိုးသားဆုံးဆိုတာ သမိုင်းဦးဘုံမြေခေတ်ပဲရှိတယ်။ အဲဒီခေတ်က လူတွေထက် ဘယ်သူရိုးသားနိုင်အုံးမလဲ။ တကောင်ကြွက် အထီးကျန်ဆိုတာ နှောင့်ကြီုးမဲ့ တန်ဖိုးရှိတဲ့ လွတ်လပ်မှုတခုပါ၊ အကြောက်တရားကသာ အုပ်စုဖွဲ့ တည်ရှိလေ့ ရှိကြတယ်။ မရှိတဲ့ဂုဏ်သိက္ခာတွေကို ဘာလို့များစဉ်းစားမိပါလိမ့်၊ ကျေးဇူးအတင်ခံချင်တာလဲ အခေါက်ခေါက်အခါခါ။ အမှန်တော့ဒါတွေဟာ ရေပွက်ပမာ တခဏတာ ကိစ္စတွေဆိုတာ သိနေသင့်တယ်။ ရေရှည်ခံတဲ့ဟာတွေ မဟုတ်ဘူး။ မျှော်လင့်ချက်ဆိုတာကို ကံတရားနဲ့တွဲထားပြီး လောဘမကြီးတာ ကောင်းမယ်။ လိုရင်းကိုမရောက်ဘဲ ဘာမှမဟုတ်သလို ပြီးသွားတာကများပြီ။ တခါတခါတော့လည်း ရီစရာကောင်းသား၊ ရုပ်ရှင်ထဲက မင်းသမီးငိုသလို အပြင်မှာလိုက်ပြီး ၀မ်းနည်းကြတယ်။ ဒါကိုဘဲ...

Thursday, 15 December 2011

အခြေအနေကတော့ မြင်တဲ့အတိုင်းပဲ (သံဒုတ်)

အခြေအနေကတော့ မြင်တဲ့အတိုင်းပဲ။ စစ်အာဏာရှင်စနစ်အောက်မှာ တော်လှန်ဆန့်ကျင်တဲ့ လုပ်ကွင်းလုပ်ကွက် ပေါမှပေါပဲ။ ဘယ်လိုနည်းလမ်းနဲ့ လုပ်ရင်ကောင်းမလဲဆိုတဲ့မေးခွန်းမေးတတ်ကြလွန်းလို့ပါ။ သေချာတာ ကိုယ်ယုံကြည်တာ ကိုယ်လုပ်ကြတယ်။ လူထုသဘောထားနဲ့ ချိန်ထိုးတွက်ဆကြတယ်။ ရန်သူရဲ့ သဘောထား လက်တွေ့တုန့်ပြန်မှုနဲ့ အစဉ်အလာ လုပ်ဟန်ဒါတွေကို စဉ်းစားကြတယ်။ ဗမာပြည်တော်လှန်ရေးက နိုင်ငံရေးအရ မဟာဗျူဟာ နှင့် တိုက်ပွဲသဏ္ဍန်ကို ညှိပြီး နည်းလမ်း စုံတော်လှန်နေတဲ့ တော်လှန်ရေးပဲ။ လူမျိုးစုံတယ်။ လူတန်းစားစုံတယ်။ တိုက်ပွဲသဏ္ဍန်စုံတယ်။ လက်နက်ကိုင်တိုက်ပွဲက အားကောင်းဆဲပဲ။ လူထုလူတန်းစားတိုက်ပွဲကလည်း အားကောင်းဆဲပဲ။ နေ့တိုင်း စစ်အစိုးရကို ဆန့်ကျင်တာ၊ သပိတ်မှောက်နေတာ၊ လက်နက်ကိုင်တိုက်နေတာ၊ဒါဟာထည့်ကိုတွက်ရမဲ့ စဉ်းစားရမဲ့ ဗမာပြည်အခြေအနေပါပဲ။ စစ်အစိုးရနဲ့ ထဲထဲဝင်ဝင် နေ့စဉ်နဲ့အမျှဆက်ဆံနေရတဲ့သူတွေရှိသလို လက်နက်ကိုင် တိုက်နေကြတဲ့ သူတွေလည်းရှိပါတယ်။...

Wednesday, 14 December 2011

ကျောက်ဆည် ( ညီပုလေး )

ဇော်ဂျီချောင်းကို ကျောက်တမံတွေနဲ့ ဆည်ထားတဲ့ ကျောက်ဆည်မြို့ ကြီးရေ မင်းကိုချစ်ခင်မြတ်နိုး ရိုကျိုးစိတ်အပြည့်နဲ့ ရွှေဆည်မြို့လို ခေါ်ချင်တယ်။ ရွှေဆည်ရေလို့ခေါ်ပါရစေ ရွှေဆည်ဟာ သမိုင်းလှတယ်၊ အစဉ်အလာကောင်းတယ်၊ မျိုးချစ်စိတ်ရှိတယ်၊ မဟုတ်ရင်မခံဘူး။ ဇာတိမာန်ထက်တဲ့မြို့ လေးစားမိတယ်ရွှေဆည်ရေ လယ်တွင်းကိုးခရိုင်တိုင်းပြည်၏စပါးကျီ ဟောဒီဗမာပြည်ရဲ့ အသက်သခင် ကျေးဇူးရှင်စပါးကျီကြီး ထာဝရ ကျန်းမာချမ်းသာပါစေ သားဆိုးတစ်ယောက်မွေးခဲ့ မိလို့  ၀မ်းရေစပ်ခဲ့ပေမယ့် သခင်သန်းမြိုင်၊ သခင်တင်ရွှေ၊ သခင်မ မမြရီ၊ ဒေါ်သန်းသန်း၊ ဆရာဦးစိုးဝင်းမောင်တို့ သားအဖတွေလို သားလိမ္မာ၊သမီးလိမ္မာတွေကြောင့် အမိရွှေဆည်ရဲ့  ၀မ်းကြာတိုက်ဟာ ထာဝရသင်းပျံနေလိမ့်မယ်။ သခင်သန်းမြိုင်၊ သခင်တင်ရွှေအစ ဆရာဦးစိုးဝင်းမောင် အဆုံး ရဲရင့် သူတို့ရဲ့ သမိုင်းဟာ လပြည့် လလို ရာသက်ပန် ၀င်းပနေလိမ့်မယ်။ ဝေဘူတောင်၊ မင်းမွေးတောင် ၊ရွှေသာလျောင်းတောင်တို့ဟာ ရွှေဆည်ကို...

Monday, 12 December 2011

ဧည့်ခန်းမျက်နှာစာ နံရံပေါ်မှ ခမောက်တခု ( သံဒုတ်)

လွန်ခဲ့သော ၅နှစ်ခန့်လောက်က ကျွန်တော်အိမ်တွင် ခေတ္တခဏ တည်းခိုသွားခဲ့သော အသက် ၅၀ ၀န်းကျင်လောက်ရှိ သူစိမ်း အမျိုးသမီးတဦး လက်ဆောင်ပေးသွားခဲ့သော ခပ်ဟောင်းဟောင်း ခမောက်ကလေးတခုကို မှတ်မှတ်ရရ ဧည့်ခန်းမျက်နှာစာ နံရံတွင် အလှအပ ပစ္စည်းတခုသဖွယ် အမြတ်တနိုး ချိတ်ထားခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်ပါသည်။ ........................................................................................................................................................................... ည ရနာရီ အချိန်တွင် အမျီုးသမီး နှစ်ဦး ကျွန်တော်တို့ အိမ်သို့ ၀င်ရောက်လာပါသည်။တယောက်ကိုတော့ သိပါသည်။ အိမ်အနီး အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသော အမျိုးသမီးတဦးဖြစ်သောကြောင့်ဖြစ်ပါသည်။ မကြာမကြာဆိုသလိုလည်း အိမ်တွင်လာရောက်၍ ဖတ်စရာ စာအုပ်၊စာဆောင်များ လာရောက်ငှားရန်း ဖတ်ရှုလေ့ရှိသောကြောင့်ဖြစ်ပါသည်။ ကျန်တယောက်ကိုတော့ မသိပါ။ ကျွန်တော့်အိမ်သည် အလုပ်သမားအရေး...

Wednesday, 7 December 2011

မအော်ဘူး ... ဘယ်တော့မှ မအော်ဘူး ( သံဒုတ် )

၈၈ ကာလ အာဏာသိမ်းပြီးစ တညမှာ ...... ကျွန်တော်တို့မြို့က ဆန်းသစ်လွင်ဆိုတဲ့ ရုပ်ရှင်ရုံရှေ့က နိုးတူးဆိုတဲ့ လက်ဘက်ရည်ဆိုင်မှာ သူငယ်ချင်းတစုနဲ့ လက်ဖက်ရည်သောက် စကားပြောနေကြတယ်။ ကိုကိုကြီးဆိုတဲ့ သူငယ်ချင်းတယောက်လည်း ပါတယ်။ သူက လွန်ခဲ့တဲ့ တပတ်လောက်က ကျောင်းဆရာ လုပ်နေတဲ့ သူငယ်ချင်း တယောက်ကို မိန်းမခိုးတဲ့ ကိစ္စမှာ ကားငှားတာ အထုပ်သယ်တာ ထမ်းတာ အိမ်ရှာပေးတာကအစ ကူညီပေးထားတယ်။ ခိုးရာလိုက်တဲ့ ကောင်မလေးကလည်း အိမ်တွင်းပုန်းပဲဆိုရမလားမသိပါဘူး၊ ပုံစံကတော့ ဘိုင်းကောင်းကျောက်ဖိပေါ့။ အိမ်ထဲက အိမ်ပြင် ထွက်တာသိပ်ရှိတာ မဟုတ်ပဲ ရေချိုးတဲ့ အခါလောက်မှသာ ချောင်းထဲ ရေဆင်းချိုး တာပဲရှိတယ်လို ပြောကြ တယ်။ ရေချိုး ဆင်းရင်း က ညိသွားတယ်လိုဆိုတယ်။ ကောင်မလေးက တဦးတည်းသော သမီး၊ အကိုတွေ မောင်တွေနဲ့ အဒေါ်အပျိုကြီးတွေကြားထဲမှာ ကြီးလာတဲ့သူပေါ့၊ ကျောင်းဆရာ သူငယ်ချင်းကလည်း လယ်ပိုင်ယာပိုင် နွားပိုင် ပါပဲ။ ဒါကို တောသားမိုလို့ သဘောမတူဆိုလားပဲ။ ချုပ်ပြောရရင်တော့...

ခေါင်းစဉ်မရှိဘူး - ရေးချင်တာရေးနေတာ - ထင်ရာမြင်ရာ ( သံဒုတ် ) - အပိုင်း ၂

တချို့ တချို့ကရီစရာတွေ သိပ်ပြောတတ်ကြတာပဲ။ အမှန်တရားတဲ့၊ မူတွေ လမ်းစဉ်တွေတဲ့၊ သစ္စာတရားတဲ့၊ သစ္စာ မေတ္တာ ရွှေမန်သဘင်တွေဖြစ်သွားတယ်။ သူတို့ပြောမှ သိန်းအောင် ပေါစံကိုသတိရပြီး ၀က်ဝက်ကွဲအောင် ရီမိတယ်။ အူတက်အောင်ရီ ရီရလွန်းလို့ ဗိုက်တွင်းကျောတွေတောင်နာရပေါ့။ ကျွန်တော်လည်း တသက်မှာတခါလောက် အမှန်တရားဆိုတဲ့ စကားလုံးကလေး မသေခင် ပြောကြည့်ချင်တယ်၊ တူသလားတန်သလားတော့ မသိဘူး၊ ရှေးရှေးတုန်းကနိုင်ငံရေး။ စာအုပ်ထဲ သမိုင်းထဲကနိုင်ငံရေး။ ကျွန်တော်တို့ခေတ် ကွန်ပြူတာနိုင်ငံရေး။ ဆီလည်ရေလည် နိုင်ငံရေး။ ရေပေါ်ဆီ နိုင်ငံရေး။ ဆီပြန်နိုင်ငံရေး။ဲမြို့ပြနိုင်ငံရေး၊ ကျေးလက်နိုင်ငံရေး၊ ရန်ကုန်နိုင်ငံရေး။ မန္တလေးနိုင်ငံရေး။ ကျောက်ဆည်နိုင်ငံရေး။ ကျွန်တော်ကတော့ ကျေးလက်နိုင်ငံရေးနဲ့ ရေလုံပြုတ်နိုင်ငံရေးကို သဘောကျတယ်။ ဘ၀ဆိုတာကို ဘုလည်းမသိ ဘလည်းမသိ၊ အသိနဲနဲ၊ အတွေးနုနု ခံစားချက်နဲ့ ပိုင်းဖြတ်ခဲ့ ခြေတလှမ်းဟာ ... အို ...မိုင်ပေါင်း...

Saturday, 3 December 2011

ဥပတိရုပ်ကြည့်ပြီး ခန့်မှန်းရခက်သော ဘိုသိန်းစိန် နှင့် ကိုယ်လုပ်မှ ကိုယ်စားရမှာပါပဲ။ ( သံဒုတ် )

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီပြောသလိုပဲပြောရရင် အင်္ဂါရုပ်မဖတ်တတ်ဘူး။ လက်တွေ့နဲ့ပဲ ကြည့်ရပါမယ်တဲ့၊ ဘိုသိန်းစိန် ဥပတိကတော့ နဘူးပြောင်ပြောင် လူလိမ်ရုပ်ပါပဲ။ ဟီလာရီကိုတော့ အင်္ဂါရုပ် မဖတ်တတ်တော့ သူ့စကားအတိုင်း အမေရိကန်နောက်ခြေလှမ်း ရှေ့ခြေထိုးစသည်ဖြင့် လက်တွေ့လုပ်ရပ်ပေါ် ကြည့်ရပါမယ်။ လာမယ်ကြာမယ်မျှော်၊ အမေရိကန်ဆိုတာ ဗမာပြည်အရေးမှာ ၀င်တာကြာလှပါပြီ။ အထုပ်နဲ့ အထည်နဲ့တော့ မဟုတ်ဘူးပေါ့၊ သူ့မွေးလို့ ကျွေးလို့ proposal တွေ Project တွေချပေးလို့ ကားစီး၊တိုက်ဆောက်၊မြေ၀ယ်၊ခြံဝယ်၊ သတင်းပေးသတင်းယူ၊ ဥပဒေဘောင်ထဲက auditors နဲ့ပင်းပြီးလုပ်စားနဲ့ ဗမာပြည် ဒီမိုကရေစီရေးလုပ်နေသူတွေ အများကြီးပါ။ ငွေရ၊ ကြီးပွားပြီး မသိတဲ့သူတွေရဲ့ နိုင်ငံရေးခေါင်းဆောင်ဆိုပြီး အထင်ကြီးခံရပါသေးတယ်။ တရုပ်ကတော့ ပေးတာကျွေးတာမရှိဘူးလို့ ပြောကြပါတယ်။ တရုပ်ကတော့ ဗမာစစ်အစိုးရကို ရင်ခွင်ထဲထည့်ပြီး တယောက်ထဲ ကြိတ်စား နေတယ်၊ စစ်အစိုးရနဲ့တောင်ပင်းပြီး...

Wednesday, 30 November 2011

ခေါင်းစဉ်မရှိဘူး - ရေးချင်တာရေးနေတာ - ထင်ရာမြင်ရာ ( သံဒုတ် )

ကိုယ့်ကိုကိုယ်မှန်ထောင်ကြည့်တယ် ဘာကောင်မှလည်း မဖြစ်ချင်ဘူး၊ ဘာကောင်မှလည်း မဟုတ်ဘူး၊ လူရာလည်းမ၀င်ချင်ဘူး၊ လူရာမ၀င်ရတာကို ပိုသဘောကျပြီးတော့ လူတော့ဖြစ်ချင်တယ်။ ခန္တာကိုယ်ထဲမှာ ကလီစာတွေသိပ်မကောင်းတော့ဘူး။ အသက်ရှင်လို့တော့ရတယ်။ ထမင်းစားတယ် တာဝန်တခုလို အသက်ရှင်ဖို့ပါ။ ယုံကြည်ချက်တွေကကောင်းသေးတယ်။ ခံစားချက်တွေကလည်း အထိအခိုက်လွယ်နေတုန်းပဲ။ သမိုင်းကိုဖတ်တယ် သမိုင်းတွင်ဖို့မဟုတ်ဘူး၊ လမ်းတွေ့ရင် ခေါ်မနေနဲဗျာ အလုပ်ရှုပ်တယ်။ ပြုံလည်းမပြနဲ့ အပိုတွေ၊ ကိုယ့်လမ်းကိုသွား လမ်းတူရင် မဆုံချင်လို့မရပါဘူး၊ မမြင်ချင်လို့မရပါဘူး၊ သူများဆီက မမျှော်လင့်တတ်သလို့ ကျုပ်ဆီကလည်း ဘာမှမမျှော်လင့်နဲ့ ပေးစရာလည်း ဘာမှမရှိဘူး၊ ရှိဆုမဲ့ဆုလေးနဲ့ မတောက်တခေါက်လောက်တတ်တဲ့ မိဘပေးခဲ့တဲ့ ပညာလေးနဲ့ လူမစွမ်း နတ်မအဆင့်လောက် ထမင်းစားနိုင်ရုံပါ၊ အခုထိတော့ သူငယ်ချင်တွေပြောတဲ့ ချမ်းသာမဲ့ကောင် မဟုတ်ဘူးဆိုတဲ့စကား မှန်တယ်။ ဒီတသက် ချမ်းသာဖို့...

Friday, 18 November 2011

၂၀၀၈ ဖွဲ့စည်းပုံ၊ ကြားဖြတ်ရွေးကောက်ပွဲနဲ့ တမတ်သားပါလီမန်ထဲအထိတော့ လိုက်၍မထောက်ခံနိုင်ပါ၊ ( သံဒုတ် )

ရဟန်ရှင် ပြည်သူလူထုနှင့် လုပ်ဖေါ်ကိုင်ဖက် ရဲဘော်မိတ်ဆွေများခင်ဗျာ ...... တလေးတစား သဘောထားအမြင်ကို တင်ပြတာဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင်တော့ NLDက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်မကိုင်စွဲတော့ဘူးလို့ ပြောလိုက်တာပါပဲ။ အခြေအနေ အချိန်အခါနဲ့ မကိုက်ညီဘူးဆိုတဲ့သဘောမျိုးပြောနေတာတော့ကြာပါပြီ။ တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို လေးစားလိုက် နာပြီး ပါလီမန်ထဲက အကောင်အထည်ဖေါ်တော့မယ်လို့ တရားဝင်ကြေငြာလိုက်တာလို့ နားလည်းပါ တယ်။ ဒါက ဘာကို ပြသလဲဆိုရင် NLD ကိုတိုင်က အတွေးအခေါ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲလာမှု ကတဆင့် ဖြစ်ပေါ်ပြောင်းလဲချက်တွေ လို့ပြောရမှာ ပါပဲ။ စစ်အစိုးရက ၁၉၉၀ရွေးကောက်ပွဲကို အသိအမှတ်ပြုပါတယ်ဆိုတဲ့ အသိအမှတ်ပြုတဲ့ပုံက ခပ်ပေါ့ပေါ့ ခပ်ပျက်ပျက်နိုင်လှတယ်လို့ သဘောထားပါတယ်။ NLD ကလဲ ဒီလောက်ဆို ကြေနပ်တဲ့သဘော ရှိပုံရပါတယ်။ ကျွန်တော်နားလည်ထားတာက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က...

Monday, 14 November 2011

ညိမ်းခြမ်းယေး ( သံဒုတ် )

ဒီနေ့ ဗမာပြည် ပြည်တွင်းစစ်ဈေးကွက်မှာ ၂၀၀၈ဖွဲ့စည်းပုံနဲ့ ပါလီမန်၊ ရွေးကောက်ပွဲတွေ ရောင်းသူ ၀ယ်သူများ အလုပ်ဖြစ် ပေါက်ဈေးထိုးတက်သွားပုံရတယ်။ ၂၀၀၈ ဖွဲ့စည်းပုံတွေ လှောင်ထားတဲ့ကောင်တွေတော့ ဈေးကောင်းနဲ့ ပွပေါက်ပဲ။ ညိမ်းခြမ်းယေးဆိုတာကို ...... တခါတခါကျတော့ ဘာသွားမြင်လဲဆိုတော့ ငယ်ငယ်က ကွမ်းယာဆိုင်မှာ ဆေးလိပ်မီးတို့ဖို့ထားတဲ့ မီးလောင်နေတဲ့ အုန်းဆံကြိုးနဲ့ တူသလိုပဲလို့ မြင်နေတယ်၊ မီးတငွေ့ငွေ့နဲ့ တို့ပါများလို့ တိုတိုလာတဲ့ အုန်းဆံကြိုး၊ ရွာကလူတွေနဲ့ ထိုင်းမှာတွေ့တယ်။ တချို့ကတော့ အိုးပစ် အိမ်ပစ် ဘ၀တွေပစ်လို့ပေါ့ တချို့ကတော့ ဘ၀သစ်ကိုရှာ ကြုံရာကျဘန်း အဆင်ပြေရာ ပြေးကာလွှားကာ ယာယီခိုနားရာ နေစရာ လုံခြုံရာ၊ အရှက်လုံ ၀မ်းဝယုံမျှ၊ တနေ့ထက် တနေ့ ရုန်းရင်းကန်ရင်း လှော်ရင်း နစ်ရင်း ကူးရင်း ခတ်ရင်း သူမသာ ကိုယ်မသာ။ ရွာကထွက်လာ ၂၃နှစ်ကြာပေါ့ အိမ်မရောက်တာ ဘ၀တ၀က်တာ လူမစွမ်း နတ်မမ၊ မကြီးပွါး ကံလိုက်လို့လားမသိ...

Sunday, 30 October 2011

NLD ရွေးကောက်ပွဲဝင်တာထက် အရေးကြီးတာက နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးက ပိုအရေးကြီးတယ်၊

ဗမာပြည် ဒီမိုကရေစီရရှိရေးမှာ လူထုရဲ့ အခန်းကဏ္ဍက အရေးအကြီးဆုံးပဲ။  မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးကြပြီးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲရုပ်သံမြင်းကွင်းကြည့်ချင်လို့ ကြည့်မိတယ်။ သတင်းထောက်တယောက်က တက်တက်ကြွကြွကို မျှော်လင့်တကြီး မေးလိုက်တဲ့ နိုင်ငံရေးအကျဉ်း သားတွေ ဘယ်တော့ လွှတ်မှာလဲဆိုတဲ့ မေးလိုက်တဲ့ အသံနဲ့ ဦးအောင်ကြည်ဖြေလိုက်တဲ့ အဖြေဟာ ကျွန်တော်ရင်ထဲကို နင့်သွား ခဲ့တယ်။ တော်တော်လေးခံစားရတယ်။ ငါတို့ရဲဘော်တွေ အရမ်းကို ဒုက္ခခံစားနေရ မှာပဲ လို့ တွေးနေမိတယ်။ နိုင်ငံရေး အကျဉ်းသားတွေလွတ်မြောက်ရေးဟာ အရေးအကြီးဆုံးပဲ၊ နံပါတ်တစ်ပဲ၊ ဦးအောင်ကြည်ရဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပါတ်သက်တဲ့ အဖြေဟာ သိန်းစိန်အစိုးရဟာ လူ့ယဉ်းကျေးတို့၏ ဖြေရှင်းမှုပုံသဏ္ဍန်ကို မျက်ကွယ်ပြုနေတယ်လို့ နားလည်လာတယ်၊ဘယ်တော့မှ သိန်းစိန်အစိုးရက စေတနာကောင်းလို့ သနားကြင်နာစိတ်ရှိလို့ လူစိတ်ဝင်လာလို့ နိုင်ငံရေးအကျဉ်းသားများကို...

Wednesday, 28 September 2011

ံပြည်တွင်းစစ်

သိန်းစိန်စစ်အစိုးရက ပြည်တွင်းစစ်ကို မီးကုန်ရန်းကုန် ဖွင့်ပြီး KIAနှင့်SSAဖက်မှာ တိုက်နေတာကို တွေ့လာရ ပါတယ်။ ဒါဟာ စီးပွါးရေး၊ စစ်ရေး၊ နိုင်ငံရေးနည်း ဗျူဟာကျကျ ဟန်ချက်ညီညီအကောင်အထည် ဖေါ်လာတာပဲဖြစ်ပါတယ်။ တဖက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေးကို ဟန်ပြလုပ် လမ်းဖွင့်ထားတယ်။ တကယ်သာ နိုင်ငံရေးပြဿနာတွေကို တွေ့ဆွေးနွေးရေးနဲ့ အဖြေရှာချင်တယ် ဆိုလျှင်ပေါ့  ပြည်တွင်းစစ်ကို ချဲ့ထွင် စရာမလိုပါဘူး။  စစ်အစိုးရက အမြဲဆုတ်ကိုင် ကျင့်သုံးတဲ့ အင်အားသုံး အကြမ်းဖက် ခြေမှုန်းရေး လမ်းစဉ်ကို  ခိုင်ခိုင်မာမာ အသုံးပြု နေဆဲ ဆိုတာကို ပြည်တွင်းစစ် အရှိန်မြင့် တက်လာမှုက သက်သေပြနေတယ်။  စစ်အစိုးရက အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို လူလူချင်း စာနာစိတ်၊သနားကြင်နာစိတ် ကင်းမဲ့စွာဖြင့် ပြည်တွင်းစစ်ထဲမှာ အသုံးချ၊ထိုးကျွေပြီး နိုင်ငံရေး၊ စစ်ရေးအမြတ် ထုတ်ရန် ဇွတ်တိုး ကြိုးစားလာတယ်၊ လူတွေကိုစတေးပြီး ပြည်တွင်းစစ်ကို...

Sunday, 18 September 2011

ဧရာဝတီ

ဧရာဝတီဟာ ...... ငါတို့ဘ၀၊ ငါတို့သွေး၊  ငါတို့ဝိညာဉ်၊ ငါတို့ ယဉ်ကျေးမှု၊  ငါတို့ ဘိုးဘွား၊ ငါတို့ အမွေ၊  ငါတို့ အနာဂါတ်၊ ငါတို့ ထမင်းအိုး၊  ငါတို့ မျိုးဆက်တွေကို မွေးဖွါးရာ၊  ငါတို့ ဂုဏ်သိက္ခာ၊ ငါတို့ အမေ့အိမ၊်  ငါတို့ သမိုင်း၊ ငါတို့ လွတ်လပ်ရေး၊  ငါတို့ ယုံကြည်ချက်၊ ငါတို့ တပ်ဦး၊  ငါတို့ အလံ၊ ငါတို့ ရဲဘော်ရဲဘက်၊  ငါတို့ အာရုဏ်ဦး၊ ငါတို့ အောင်ပွဲ၊  ငါတို့ လမ်းပြကြယ်၊ ငါတို့ အမျိုးသားရေး၊  ငါတို့ ငြိမ်းချမ်းရေး၊ ငါတို့ တော်လှန်ရေး၊  ငါတို့ လူမျိုး၊ ငါတို့ သစ္စာ၊ ငါတို့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်၊ ငါတို့ ညီညွတ်ရေး၊ ငါတို့ အဘိဓမ္မာ၊ ငါတို့ ရေသောက်မြစ်၊ ဧရာဝတီ ရှင်သန်မှရမယ်။                                     ...

Tuesday, 30 August 2011

BLSOက ကျောင်းသားတယောက်ပါ။ မနက်ရောက်လျှင် ညက သူ့အဖေထောင်ခဲ့တဲ့ လယ်ထဲက ငါးရှင့်မြုံးတွေကို ပြန်သွားယူရတယ်။ ဒါပြီးလျှင် ကျောင်းကိုလာတယ်။ ကျောင်းရဲ့ အလုပ်တွေဆိုလျှင်လည်း တက်တက်ကြွကြွကို လုပ်တယ်လို့ ဆရာမတွေက ပြောပြတယ်။ သူက သူ့ညီမတွေကိုလည်း ချစ်လည်းချစ် စာနာတယ်လို့ပြောပြတယ...

ရှင်သန်နေမြဲ ၈၈ စိတ်ဓာတ်

ရှင်သန်နေမြဲ ၈၈ စိတ်ဓာတ်  နယူးဒေလီ (မဇ္ဈိမ) ။        ။ ၁၉၈၈ တွင် ဖြစ်ပွားခဲ့သည့် အထွေထွေ လူထုအရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့သည်မှာ ၂၃ နှစ် ကြာမြင့်ပြီ ဖြစ်သော်လည်း ဒီမိုကရေစီလိုလားစိတ်နှင့် စစ်အာဏာရှင် မုန်းတီးစိတ်များ ရှင်သန်နေဆဲ ဖြစ်ကြောင်း ရှစ်လေးလုံး အရေးအခင်းတွင် သပိတ်ခေါင်းဆောင်တဦး ဖြစ်ခဲ့သော  ကိုသံဒုတ်က ပြောဆိုသည်။ ယခုအချိန်ထိ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး တောင်းဆိုသံများ၊ အစိုးရက နိုင်ငံရေးလုပ်ဆောင်နေသူများကို ဖမ်းဆီးနေသော်လည်း နိုင်ငံရေးအကျဉ်းသားများ ရှိနေခြင်းသည် သက်သေခံနေသည်ဟု သူကဆိုသည်။ ရှစ်လေးလုံး အရေးတော်ပုံတွင်းက ပြည်သူနှင့် ယနေ့ ပြည်သူသဘောထား၊ ကျောင်းသားများ သဘောထား၊ အသစ် ဖြစ်ပေါ်လာသည့် လွှတ်တော်နှင့်ပတ်သက်၍ ဒီမိုကရေစီဘက်တော်သားနှင့် တိုင်းရင်းသားများ အရေး၊ ၂ဝ၁၄ အာဆီယံဥက္ကဋ္ဌ ဖြစ်ရေးနှင့် စီးပွားရေးပိတ်ဆို့မှုအပေါ်အမြင်၊ လူငယ်မျိုးဆက်သစ် ပေါ်ထွန်းရေးနှင့်...

Friday, 1 July 2011

ရွှေ့ ပြောင်း အလုပ်သမားများ မှတ်ပုံတင်ခြင်း အစီအစဉ်နှင့် လက်ရှိအခြေအနေများ ဆွေးနွေးခြင်း

ရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ခြင်းဆိုင်ရာ အစည်း အဝေး တခုကို မဲဆောက်မြို့ Wattana Village Resort တွင် ယခုလ ဂျွှန်(၁၄)ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။အစည်းဝေကို SHIELD, USAID, IOM, ADRA စသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကမကထ ပြုလုပ်ခြင်း ဖြစ်ပြီး ရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ခြင်း အစီအစဉ် နှင့် သက်ဆိုင်သည့် ဌာနများဖြစ်သော အလုပ်သမားရှာဖွေ ရေးရုံး၊ အလုပ်သမား စစ်ဆေးရေးရုံး၊ ရွှေ့ပြောင်း အလုပ်သမား စီမံခန့်ခွဲရေးနှင့် ပတ်သက်၍ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး ရုံး၊ မဲဆောက် လုပ်ငန်းရှင်ကြီး များအသင်း၊ ရဲဌာနမှ အရာရှိများ အပြင် မြန်မာ အလုပ်သမား အရေးလုပ်ကိုင် နေသော အလုပ် သမား  အဖွဲ့အစည်း တို့ကိုလည်း ဖိတ်ကြား တက်ရောက် စေခဲ့ပါသည်။ပထမဆုံး...

Pages 61234 »
Twitter Delicious Facebook Digg Stumbleupon Favorites More