.............

...........

Saturday, 28 January 2012

ညီအကိုချင်းပေးစာ ( သို့ ) သံဒုတ်မှ သံခဲသို့ (သို့) သံခဲရေ - မင်းခေါင်းဖြတ် ခံနေရအုံးမယ်၊ ( သံဒုတ် )

တောခိုတော့မယ်လို့ မိဘတွေကိုပြောတော့ အဆိုးအကောင်း ဘာမှ မပြောကြပါဘူး။ မိဘနှစ်ယောက် စလုံးကို ဦးချကတော့တယ်။ သူတို့ပေးတဲ့ လမ်းစရိတ်ကို ယူလိုက်တယ်။ အဖေက  " တော်လှန်ရေးဆို တာ သေတတ်တယ်နော် ငါ့သား"  " လုပ်ရင်လဲ ပြီးအောင်ထိလုပ် " ဆိုပြီးပြော ရှာတယ်။ အမေက တော့ စိုးရိမ်စိတ်နဲ့ " ဖြစ်ပါ့မလား ငါ့သားရယ် " လို့ဆိုတာ မင်း…မှတ်မိလား။ အဖေပြောတဲ့ အတိုင်း တော်လှန်ရေးက သေတတ်တယ်ဆိုတာ တကယ်ပဲ။ မြောက်ပိုင်းက ကျောင်း သား ရဲဘော်တွေ တော်တော် ဆိုးဆိုးဝါးဝါးကို ကြူံတွေ့ခဲ့ရတယ်ကွာ။ ရင်ထုမနာပဲဟေ့။ အခုထိကို သူလျိုဆိုပြီ စွတ်ဆွဲနေတုန်းပဲဟေ့။ မလုပ်ကောင်းပါဘူးကွာ။ ငါကတော့  ကိုထွန်းအောင်ကျော်တို့ကို အလေးပြုတယ်။ နောက်ပြီး ခံခဲ့ရတဲ့သူတွေကို သတ္တိခဲတွေလို့ သတ်မှတ် တယ်။ ငါဆိုရင် သူတို့လောက် သတ္တိ မရှိလောက်ဘူးထင်တယ်။ သံခဲရေ ... မင်းလည်း သတိ၊၀ီရိယနဲ့တော့ နေအုံးနော်။ မင်းလဲ အသတ်ခံနေရအုံးမယ်။ ညီအကိုဆို တော့လည်း တာဝန်ရှိလို့...

Pages 61234 »
Twitter Delicious Facebook Digg Stumbleupon Favorites More