ကိုယ့်ကိုကိုယ်မှန်ထောင်ကြည့်တယ်
ဘာကောင်မှလည်း မဖြစ်ချင်ဘူး၊ ဘာကောင်မှလည်း မဟုတ်ဘူး၊
လူရာလည်းမ၀င်ချင်ဘူး၊ လူရာမ၀င်ရတာကို ပိုသဘောကျပြီးတော့ လူတော့ဖြစ်ချင်တယ်။
ခန္တာကိုယ်ထဲမှာ ကလီစာတွေသိပ်မကောင်းတော့ဘူး။ အသက်ရှင်လို့တော့ရတယ်။
ထမင်းစားတယ် တာဝန်တခုလို အသက်ရှင်ဖို့ပါ။ ယုံကြည်ချက်တွေကကောင်းသေးတယ်။
ခံစားချက်တွေကလည်း အထိအခိုက်လွယ်နေတုန်းပဲ။
သမိုင်းကိုဖတ်တယ် သမိုင်းတွင်ဖို့မဟုတ်ဘူး၊
လမ်းတွေ့ရင် ခေါ်မနေနဲဗျာ အလုပ်ရှုပ်တယ်။ ပြုံလည်းမပြနဲ့ အပိုတွေ၊ ကိုယ့်လမ်းကိုသွား လမ်းတူရင် မဆုံချင်လို့မရပါဘူး၊
မမြင်ချင်လို့မရပါဘူး၊
သူများဆီက မမျှော်လင့်တတ်သလို့ ကျုပ်ဆီကလည်း ဘာမှမမျှော်လင့်နဲ့ ပေးစရာလည်း ဘာမှမရှိဘူး၊
ရှိဆုမဲ့ဆုလေးနဲ့ မတောက်တခေါက်လောက်တတ်တဲ့ မိဘပေးခဲ့တဲ့ ပညာလေးနဲ့ လူမစွမ်း နတ်မအဆင့်လောက် ထမင်းစားနိုင်ရုံပါ၊
အခုထိတော့ သူငယ်ချင်တွေပြောတဲ့ ချမ်းသာမဲ့ကောင် မဟုတ်ဘူးဆိုတဲ့စကား မှန်တယ်။
ဒီတသက် ချမ်းသာဖို့...