.............

...........

Wednesday, 28 September 2011

ံပြည်တွင်းစစ်

သိန်းစိန်စစ်အစိုးရက ပြည်တွင်းစစ်ကို မီးကုန်ရန်းကုန် ဖွင့်ပြီး KIAနှင့်SSAဖက်မှာ တိုက်နေတာကို တွေ့လာရ ပါတယ်။ ဒါဟာ စီးပွါးရေး၊ စစ်ရေး၊ နိုင်ငံရေးနည်း ဗျူဟာကျကျ ဟန်ချက်ညီညီအကောင်အထည် ဖေါ်လာတာပဲဖြစ်ပါတယ်။ တဖက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေးကို ဟန်ပြလုပ် လမ်းဖွင့်ထားတယ်။ တကယ်သာ နိုင်ငံရေးပြဿနာတွေကို တွေ့ဆွေးနွေးရေးနဲ့ အဖြေရှာချင်တယ် ဆိုလျှင်ပေါ့  ပြည်တွင်းစစ်ကို ချဲ့ထွင် စရာမလိုပါဘူး။  စစ်အစိုးရက အမြဲဆုတ်ကိုင် ကျင့်သုံးတဲ့ အင်အားသုံး အကြမ်းဖက် ခြေမှုန်းရေး လမ်းစဉ်ကို  ခိုင်ခိုင်မာမာ အသုံးပြု နေဆဲ ဆိုတာကို ပြည်တွင်းစစ် အရှိန်မြင့် တက်လာမှုက သက်သေပြနေတယ်။  စစ်အစိုးရက အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို လူလူချင်း စာနာစိတ်၊သနားကြင်နာစိတ် ကင်းမဲ့စွာဖြင့် ပြည်တွင်းစစ်ထဲမှာ အသုံးချ၊ထိုးကျွေပြီး နိုင်ငံရေး၊ စစ်ရေးအမြတ် ထုတ်ရန် ဇွတ်တိုး ကြိုးစားလာတယ်၊ လူတွေကိုစတေးပြီး ပြည်တွင်းစစ်ကို...

Sunday, 18 September 2011

ဧရာဝတီ

ဧရာဝတီဟာ ...... ငါတို့ဘ၀၊ ငါတို့သွေး၊  ငါတို့ဝိညာဉ်၊ ငါတို့ ယဉ်ကျေးမှု၊  ငါတို့ ဘိုးဘွား၊ ငါတို့ အမွေ၊  ငါတို့ အနာဂါတ်၊ ငါတို့ ထမင်းအိုး၊  ငါတို့ မျိုးဆက်တွေကို မွေးဖွါးရာ၊  ငါတို့ ဂုဏ်သိက္ခာ၊ ငါတို့ အမေ့အိမ၊်  ငါတို့ သမိုင်း၊ ငါတို့ လွတ်လပ်ရေး၊  ငါတို့ ယုံကြည်ချက်၊ ငါတို့ တပ်ဦး၊  ငါတို့ အလံ၊ ငါတို့ ရဲဘော်ရဲဘက်၊  ငါတို့ အာရုဏ်ဦး၊ ငါတို့ အောင်ပွဲ၊  ငါတို့ လမ်းပြကြယ်၊ ငါတို့ အမျိုးသားရေး၊  ငါတို့ ငြိမ်းချမ်းရေး၊ ငါတို့ တော်လှန်ရေး၊  ငါတို့ လူမျိုး၊ ငါတို့ သစ္စာ၊ ငါတို့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်၊ ငါတို့ ညီညွတ်ရေး၊ ငါတို့ အဘိဓမ္မာ၊ ငါတို့ ရေသောက်မြစ်၊ ဧရာဝတီ ရှင်သန်မှရမယ်။                                     ...

Pages 61234 »
Twitter Delicious Facebook Digg Stumbleupon Favorites More