ရှင်သန်နေမြဲ ၈၈ စိတ်ဓာတ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ၁၉၈၈ တွင် ဖြစ်ပွားခဲ့သည့် အထွေထွေ လူထုအရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့သည်မှာ ၂၃ နှစ် ကြာမြင့်ပြီ ဖြစ်သော်လည်း ဒီမိုကရေစီလိုလားစိတ်နှင့် စစ်အာဏာရှင် မုန်းတီးစိတ်များ ရှင်သန်နေဆဲ
ဖြစ်ကြောင်း ရှစ်လေးလုံး အရေးအခင်းတွင် သပိတ်ခေါင်းဆောင်တဦး ဖြစ်ခဲ့သော ကိုသံဒုတ်က ပြောဆိုသည်။
ယခုအချိန်ထိ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး တောင်းဆိုသံများ၊ အစိုးရက နိုင်ငံရေးလုပ်ဆောင်နေသူများကို ဖမ်းဆီးနေသော်လည်း နိုင်ငံရေးအကျဉ်းသားများ ရှိနေခြင်းသည် သက်သေခံနေသည်ဟု သူကဆိုသည်။
ရှစ်လေးလုံး အရေးတော်ပုံတွင်းက ပြည်သူနှင့် ယနေ့ ပြည်သူသဘောထား၊ ကျောင်းသားများ သဘောထား၊ အသစ် ဖြစ်ပေါ်လာသည့် လွှတ်တော်နှင့်ပတ်သက်၍ ဒီမိုကရေစီဘက်တော်သားနှင့် တိုင်းရင်းသားများ အရေး၊
၂ဝ၁၄ အာဆီယံဥက္ကဋ္ဌ ဖြစ်ရေးနှင့် စီးပွားရေးပိတ်ဆို့မှုအပေါ်အမြင်၊ လူငယ်မျိုးဆက်သစ် ပေါ်ထွန်းရေးနှင့်...