.............

...........

The Buddhist monks protest against the military government to release all political prisoners, to stop civil war and for peace in Mandalay in Burma on 15 November, 2011

-------------------

..........

ကျွန်တော်လေးစားသော ဆရာကြီးဦးဝင်းတင်

ရှစ်လေးလုံး အရေးတော်ပုံ ခေါင်းဆောင်များ

..................

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday 28 January 2012

ညီအကိုချင်းပေးစာ ( သို့ ) သံဒုတ်မှ သံခဲသို့ (သို့) သံခဲရေ - မင်းခေါင်းဖြတ် ခံနေရအုံးမယ်၊ ( သံဒုတ် )


တောခိုတော့မယ်လို့ မိဘတွေကိုပြောတော့ အဆိုးအကောင်း ဘာမှ မပြောကြပါဘူး။ မိဘနှစ်ယောက် စလုံးကို ဦးချကတော့တယ်။ သူတို့ပေးတဲ့ လမ်းစရိတ်ကို ယူလိုက်တယ်။ အဖေက  " တော်လှန်ရေးဆို တာ သေတတ်တယ်နော် ငါ့သား"  " လုပ်ရင်လဲ ပြီးအောင်ထိလုပ် " ဆိုပြီးပြော ရှာတယ်။ အမေက တော့ စိုးရိမ်စိတ်နဲ့ " ဖြစ်ပါ့မလား ငါ့သားရယ် " လို့ဆိုတာ မင်း…မှတ်မိလား။

အဖေပြောတဲ့ အတိုင်း တော်လှန်ရေးက သေတတ်တယ်ဆိုတာ တကယ်ပဲ။ မြောက်ပိုင်းက ကျောင်း သား ရဲဘော်တွေ တော်တော် ဆိုးဆိုးဝါးဝါးကို ကြူံတွေ့ခဲ့ရတယ်ကွာ။ ရင်ထုမနာပဲဟေ့။ အခုထိကို သူလျိုဆိုပြီ စွတ်ဆွဲနေတုန်းပဲဟေ့။ မလုပ်ကောင်းပါဘူးကွာ။

ငါကတော့  ကိုထွန်းအောင်ကျော်တို့ကို အလေးပြုတယ်။ နောက်ပြီး ခံခဲ့ရတဲ့သူတွေကို သတ္တိခဲတွေလို့ သတ်မှတ် တယ်။ ငါဆိုရင် သူတို့လောက် သတ္တိ မရှိလောက်ဘူးထင်တယ်။

သံခဲရေ ... မင်းလည်း သတိ၊၀ီရိယနဲ့တော့ နေအုံးနော်။ မင်းလဲ အသတ်ခံနေရအုံးမယ်။ ညီအကိုဆို တော့လည်း တာဝန်ရှိလို့ ငါကတော့ သတိပေးတာပါ။ ငါကတော့ ဗြောင်ပဲ။ ငါကိုလည်း သတ်ချင်တဲ့ ကောင်တွေ က ချောင်းရင် လဲ ချောင်းနေမှာပဲ။

မင်းနဲ့ မြောက်ပိုင်း သွားတဲ့ကောင်တွေကတော့ ငါကို အမေရိကားကနေ သတိတော့ ပေးရှာတယ်။ အကိုတဲ့ အဲဒီကောင်တွေက လက်ယဉ် တယ်ဆိုပဲ။ မင်းသိတဲ့ အတိုင်းပဲ မဲဆောက်မှာ ငါကတော့ မင်းတို့ အဖွဲ့အ စည်းလောက် အင်အားမရှိပါဘူး။ နေတာလဲ ကိုယ့်ဖါသာကိုယ်နေတာပဲ။

မင်းတို့ အဖွဲ့အစည်းကပါပဲ။ လ္ဘက်ရည်ဆိုင်မှာ ဗြောင်လာပြီး မင်းကောင်းကြောင်းပြောသလို မင်းကို ထောက်ခံ သလို ပြောရင်း လာစော်ကားလို့ ငါကပြောလိုက်တယ်။ သံခဲဆိုတဲ့ကောင်က အချောင်း သမား လို့ ပြောပစ် လိုက် တယ်။ ဒါမျိုးတော့ လာမလုပ်နဲ့လေကွာ။

မင်းရဲ့မိန်းမ ခင်ရွှေလှိုင်ကလည်း ဖေစ့်ဘွတ်တွေထဲက ကိုယ်တွေ့ ဖြစ်ရပ် ထဲမှာ ဘာလဲ .. မြောက်ပိုင်း ကျောင်း သားတွေ ကို သတ်တဲ့အချိန်က သွားကြည့်တယ်ဆိုလား ကြားရတယ်။ ဒါဆိုလဲ အဲဒီအမှု မှာ တော့ မျက်မြင်သက်သေပေါ့။ သူကဘယ်ဘက်က သက်သေထွက်မလဲတော့ မသိဘူး။ သမိုင်းဝင် စိတ်ဝင်စား စရာတခုပဲ။

မင်းနဲ့ငါ စတောခိုကြတော့ အတူတူသွားကြတဲ့ မြတ်ကိုကြီးက မြောက်ပိုင်းမှာ ပထမဆုံး အသတ်ခံ လိုက်ရတာလို့ သိရတယ်။

ကြားရတဲ့ သတင်းတွေကတော့ ကြောက်စရာပဲကွာ။ အုပ်စုတွေဖွဲ့ ဂိုဏ်ဖွဲ့ပြီးကို လုပ်ခဲ့ကြတာပဲ။ အဲဒီ ဂိုဏ်တွေ အုပ်စုတွေက မင်းတို့ အေဘီထဲမှာ ရှိသေးလားတော့ မသိဘူး။ မင်းကတော့သိမှာပဲ။

ငါကတော့ အကိုကြီးသဘောမျိုး အသိပေးတာပါပဲ။ နောက်မှ ငါသတိမပေးဘူးမလုပ်နဲ့။ ငါကတော့ ဗြောင်ပဲ။ သူများကိုလည်း မတရား မလုပ်ခဲ့ဘူး၊ ကိုယ့်ကို လုပ်တာလဲ ခံချင်တဲ့ကောင် မဟုတ်ဘူး။ ဘယ်သူမဆို အများနဲ့ တယောက် လက်နက်ရှိသူနဲ့ လက်နဲ့မဲ့သူကတော့ ခံရတာပေါ့ကွာ။
သတိနဲ့ အလုပ်လုပ်ပေါ့ကွာ ခေါင်းဖြတ် အသတ်ခံနေရအုံးမယ်။ ကိုယ်ရဲ့ လုပ်ဖေါ်ကိုင်ဖက်ချင်းကို ဆောင့်ရှောက် ကာကွယ်ပါကွာ။

အာဏာတော့ မရူးနဲ့ဟ။ အဲဒီအာဏာရှုတွေကြောင့်ပဲ ငါတို့တောခိုခဲ့ရ၊ မိဘတွေဒုက္ခ ရောက်ကြ။ လူတွေမှာ ဆင်းရဲမွဲတေနေတာ မင်းအမြင်ပဲ။

အမှန်တကယ်တော့ အမှန်တရားကပဲ ဆောင့်ရှောက်မှာပဲ။ လူများတိုင်းလဲ မှန်တာမဟုတ်ဘူး။ တချို့  ကိစ္စတွေက ညီအကိုချင်းလဲ မရဘူး။ သူ့တရားနဲ့သူစီရင်သွားမှာပဲ။

ဒါပါပဲကွာ။ မင်းကြိုက်ကြိုက် မကြိုက်ကြိုက်ကွာ။ ငါကတော့ ရေးသင့်တယ်ထင်ရင် ရေးရမှာပဲ။


မင်းရဲ့ အကိုကြီး သံဒုတ်

Twitter Delicious Facebook Digg Stumbleupon Favorites More