.............

...........

The Buddhist monks protest against the military government to release all political prisoners, to stop civil war and for peace in Mandalay in Burma on 15 November, 2011

-------------------

..........

ကျွန်တော်လေးစားသော ဆရာကြီးဦးဝင်းတင်

ရှစ်လေးလုံး အရေးတော်ပုံ ခေါင်းဆောင်များ

..................

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday 30 August 2011


BLSOက ကျောင်းသားတယောက်ပါ။ မနက်ရောက်လျှင် ညက သူ့အဖေထောင်ခဲ့တဲ့ လယ်ထဲက ငါးရှင့်မြုံးတွေကို ပြန်သွားယူရတယ်။ ဒါပြီးလျှင် ကျောင်းကိုလာတယ်။ ကျောင်းရဲ့ အလုပ်တွေဆိုလျှင်လည်း တက်တက်ကြွကြွကို လုပ်တယ်လို့ ဆရာမတွေက ပြောပြတယ်။ သူက သူ့ညီမတွေကိုလည်း ချစ်လည်းချစ် စာနာတယ်လို့ပြောပြတယ်။

ရှင်သန်နေမြဲ ၈၈ စိတ်ဓာတ်

ရှင်သန်နေမြဲ ၈၈ စိတ်ဓာတ် 

နယူးဒေလီ (မဇ္ဈိမ) ။        ။ ၁၉၈၈ တွင် ဖြစ်ပွားခဲ့သည့် အထွေထွေ လူထုအရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့သည်မှာ ၂၃ နှစ် ကြာမြင့်ပြီ ဖြစ်သော်လည်း ဒီမိုကရေစီလိုလားစိတ်နှင့် စစ်အာဏာရှင် မုန်းတီးစိတ်များ ရှင်သန်နေဆဲ
ဖြစ်ကြောင်း ရှစ်လေးလုံး အရေးအခင်းတွင် သပိတ်ခေါင်းဆောင်တဦး ဖြစ်ခဲ့သော  ကိုသံဒုတ်က ပြောဆိုသည်။

ယခုအချိန်ထိ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး တောင်းဆိုသံများ၊ အစိုးရက နိုင်ငံရေးလုပ်ဆောင်နေသူများကို ဖမ်းဆီးနေသော်လည်း နိုင်ငံရေးအကျဉ်းသားများ ရှိနေခြင်းသည် သက်သေခံနေသည်ဟု သူကဆိုသည်။

ရှစ်လေးလုံး အရေးတော်ပုံတွင်းက ပြည်သူနှင့် ယနေ့ ပြည်သူသဘောထား၊ ကျောင်းသားများ သဘောထား၊ အသစ် ဖြစ်ပေါ်လာသည့် လွှတ်တော်နှင့်ပတ်သက်၍ ဒီမိုကရေစီဘက်တော်သားနှင့် တိုင်းရင်းသားများ အရေး၊
၂ဝ၁၄ အာဆီယံဥက္ကဋ္ဌ ဖြစ်ရေးနှင့် စီးပွားရေးပိတ်ဆို့မှုအပေါ်အမြင်၊ လူငယ်မျိုးဆက်သစ် ပေါ်ထွန်းရေးနှင့် တိုင်းပြည် အနာဂတ် ကိစ္စများကို မဇ္ဈိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားသည်။

ကိုသံဒုတ်သည် ရှစ်လေးလုံး အရေးတော်ပုံတွင် ကျောက်ဆည်မြို့ သပိတ်ကော်မီတီတွင် ပါဝင်ခဲ့ကာ သပိတ်
ခေါင်းဆောင် တဦးလည်း ဖြစ်သည်။ လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် မဲ့ဆောက်မြို့တွင် မြန်မာနိုင်ငံ အလုပ်သမားများ သွေးစည်းညီညွတ်ရေးအဖွဲ့ (BLSO) တာဝန်ခံအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

--------------------------------------------------------------------------------------------------------------------------------------

၈၈ ဆန္ဒပြတုန်းက ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဒီကနေ့ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဘယ်လို ယှဉ်ပြနိုင်မလဲ။

“ရှစ်လေးလုံးကာလက ပြည်သူတွေရဲ့ ဒီမိုကရေစီကို လိုချင်တဲ့၊ စစ်အာဏာရှင်စနစ်ကို နာကျည်း မုန်းတီးတဲ့ ဆန္ဒတွေဟာ ဒီနေ့ ပြည်သူတွေရဲ့ရင်ထဲမှာ ခိုင်ခိုင်မာမာ ရှိနေဆဲပဲ ဖြစ်ပါတယ်။ ၂၃ နှစ်ကြာပေမယ့် ဘာမှ
ပြောင်းလဲသွားတဲ့ အရိပ်ယောင် မတွေ့ရပါဘူး။ မဝေးသေးတဲ့ ကာလကဖြစ်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က ဖြစ်ခဲ့တဲ့
ရွှေဝါရောင်သံဃာ အရေးအခင်းကို ကြည့်ပါ။ အနီးကပ်ဆုံး ပြောရင်တော့ဗျာ ဒေါ်အောင်ဆန်းစုကြည် လွတ်တဲ့နေ့ က ပြည်သူတွေရဲ့ကြိုဆိုမှုဟာ ဘယ်လောက်တက်ကြွပြီး ဒီမိုကရေစီကို လိုချင်နေတာကို ပြနေတာပါ။ ပြည်သူတွေ
ဟာ စစ်အာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုအောက်မှာ အရမ်းကို ဆင်းရဲဒုက္ခ ရောက်တယ်ဆိုတာ ကောင်းကောင်း သိတာပေါ့။ ပြည်သူတွေဟာ သိပ်ကို စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်နေချင်ပြီး သူတို့လည်း
နည်းလမ်းရှာ ကြံဆနေတယ်ဆိုတာကိုတော့ ကျနော်တို့ အားလုံးက သိထားရလိမ့်မယ်”



လူထုက နည်းလမ်းရှာ ကြံဆနေကြတယ်ဆိုတော့ ဘယ်လိုအခြေအနေမျိုးကို ပြောတာလဲ။

“ရန်ကုန်မြို့ စက်မှုဇုန်တွေက အလုပ်သမားတွေရဲ့ အလုပ်သမား အခွင့်အရေးတောင်းဆိုမှု အသံတွေဟာ မကြာခဏ ဆို ဖြစ်နေတာပါ။ ပြည်သူတွေရဲ့ ဒီမိုကရေစီကို လိုလားတဲ့ အသံတွေလို့ဆိုရင် ရနိုင်မယ် ထင်ပါတယ်။ ဒီလောက် ဖိနှိပ်နေ၊ ဖမ်းဆီးထောက်ချနေတာတောင် နိုင်ငံရေး အကျဉ်းသားဦးရေဟာ လျော့မသွားပါဘူး။ မြေအောက် လှုပ်ရှား
မှုတွေ၊ စာဝေ စာကပ်တာတွေဟာ မြို့ကြီးတွေ၊ လုံခြုံရေး ကောင်းပါတယ်ဆိုတဲ့ အင်းစိန် မီးရထား စက်ရုံမှာ၊ ဘီပီအိုင် ဆေးဝါးထုတ်တဲ့ စက်ရုံကြီးတွေမှာပါ ဖြစ်နေတာပါ”


ရှစ်လေးလုံးကာလအတွင်းနဲ့ အခုကာလမှာ ပြည်သူတွေရဲ့ နိုင်ငံရေး နိုးကြားမှု အခြေအနေကကော။

“လူထုဟာ ရရာနည်းလမ်းနဲ့ ဒီမိုကရေစီရေးအတွက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ ပိုများလာတယ် လို့တောင် စဉ်းစားမိတယ်။ အခြေအနေနဲ့ အခွင့်အခါကောင်းကို လူထုက စောင့်နေတာလို့ ယုံကြည်တယ်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးမှာ ဒီမိုကရေစီရေးအတွက် အသက်တွေပေးပြီး ဆန္ဒတွေထုတ်ဖေါ်ခဲ့ကြတယ်။
တခါ ၁၉၉ဝ ရွေးကောက်ပွဲမှာလဲပဲ မဲပေးပြီး ဆန္ဒတွေထုတ်ဖေါ်ခဲ့ကြတယ်။ ဒါပေမဲ့ ဗြောင်အထပ်ထပ် အလိမ်ခံခဲ့ ရပြီးပြီဆိုတော့ ဒီတခါတော့ ငါတို့ အလိမ်ခံရတဲ့ အခြေအနေ အထိအရောက်ခံလို့တော့ မရတော့ဘူးဆိုတဲ့ နိုင်ငံရေး အသိက လူထုရင်ထဲမှာ ခိုင်ခိုင်မာမာကို ရှိနေပြီလို့ပဲ ပြောရမှာပဲ။ အပြီးအပိုင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တိုက်ပွဲအတွက် လူထုအားလုံးက ပါဝင်ဘို့ နားစွင့် မျက်စိဖွင့် ထားကြတယ်။ အဆုံးသတ် အောင်ပွဲအထိ လိုက်ပါ ချီတက်ရန် ဘယ်လိုပေးဆပ် စွန့်လွှတ်မှုမျိုးကို ပေးဆပ်ရပါစေ။ တိုက်ပွဲဝင်မယ်ဆိုတဲ့ လူထုဆန္ဒဟာ အခိုင်အမာ ရှိနေဆဲ ဖြစ်ပါတယ်”
 
ဒီကနေ့ ကျောင်းသားတွေနဲ့ ၈၈ တုန်းက ကျောင်းသားတွေ မတူညီမှု၊ တူညီမှုက ဘာတွေဖြစ်မလဲ။

“ရှစ်ဆယ့်ရှစ်တုန်းက ကျောင်းသားတွေနဲ့ ဒီနေ့ခေတ် ကျောင်းသားတွေရဲ့ တူညီမှုတွေကို ပြောပါဆိုရင်တော့ ကျနော်တို့အားလုံးဟာ စစ်အာဏာရှင် စနစ်အောက်မှာ အဖိနှိပ်ခံနေကြရဆဲ မလွတ်မြောက်သေးဘူးလို့ ပြောရမှာပဲ။ တူညီတဲ့ ဘဝပေးအသိဖြစ်တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စိတ်ဓါတ်တွေဟာ ဒီနေ့ခေတ် ကျောင်းသားတွေ မှာလည်းပဲ ခိုင်ခိုင်မာမာရှိနေဆဲပါ။ ဖိနှိပ်မှုကို ငုံ့မခံတတ်တဲ့ တိုက်ပွဲဝင် ကျောင်းသား စိတ်ဓါတ်လို့ ပြောရမှာပဲ”


ဒီနေ့ခေတ် ကျောင်းသားတွေရဲ့ ပညာရေးအတွက် လှုပ်ရှားရုန်းကန်မှုကကော အခြေအနေ ဘယ်လို ရှိပါသလဲ။

“ ဒီနေ့ခေတ် ကျောင်းသားတွေဟာ ကျနော်တို့ခေတ်က ကျောင်းသားတွေထက်ကို ကျောင်းတက်နိုင်ဖို့၊ ပညာရေး
ကို ပြီးဆုံးအောင် သင်ကြားနိုင်ဖို့၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်ကပေါ့။ ပိုပြီး အားစိုက်ရုန်းကန် ကြရတယ်လို့
မြင်ပါတယ်။ မြန်မာပြည်ရဲ့ ပညာရေး အဆင့်အတန်းကလည်း ပိုနိမ့်လာတယ်။ ကမ္ဘာမှာက ကွန်ပြူတာနဲ့ အဆင့်မြှင့် နည်းပညာခေတ်ကို အရှိန်မြန်မြန်နဲ့ သွားနေတော့ မြန်မာပြည်က ကျောင်းသွားတွေဟာ နောက်ကျ ကျန်မနေအောင်
 တော်တော် ကြိုးစားကြရတယ်လို့ ပြောရမှာပဲ။ ဘာမှ အထောက်အပံ့လည်း မရှိပေမယ့် ရှိတာနဲ့ ကြိုးစားကြတာ ကတော့ အလွန်လေးစားစရာ ကောင်းပါတယ်။ ကျောင်းရဲ့ပြင်ပမှာ ကိုယ်ဘာသာကိုယ် အရည်အချင်းမြင့်လာအောင် လုပ်လာတာတွေကို မြင်ရတာဟာ ဝမ်းသာစရာပါ။ ကျောင်းမနေနိုင်တဲ့ လူငယ်တွေ များလာတာကတော့ ဆုတ်ယုတ်မှုပဲ”


ဒီမိုကရေစီလိုလားသူနဲ့ တိုင်းရင်းသားတွေထဲမှာ မျိုးဆက်သစ် ခေါင်းဆောင်တွေ ပေါ်ထွက်လာနိုင်တဲ့ အရိပ်လက္ခဏာတွေကော မြင်နေပြီလား။

“ခေတ်တိုင်းမှာ မျိုးဆက်သစ် ခေါင်းဆောင်တွေဆိုတာ နယ်ပယ်အသီးသီးမှာ ပေါ်စမြဲပါ။ ဒါကြောင့်ပဲ ဆင့်ကဲဆင့်ကဲ လက်ဆင့်ပြောင်း နိုင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်နေတာပါ။ မျိုးဆက်သစ် ခေါင်းဆောင်တွေပဲ ခေတ်ကို ရှေ့ကဦးဆောင် ချီတက်ကြရမှာပါ။ သေချာတာကတော့ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲဖြစ်ဖြစ် ဒီလူငယ်တွေပေါ်မှာပဲ တိုင်းပြည်
ရဲ့ အမျိုးသားရေး တာဝန်တွေကို လွှဲပြောင်းပေးခဲ့ကြရမှာ ဖြစ်ပါတယ်”


ကိုမင်းကိုနိုင်လို ကျောင်းသား ခေါင်းဆောင်မျိုးကော ထပ်ပေါ်လာမယ်လို့ ထင်မိလား။

“ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ဆိုတာ ၈၈ ကာလ တိုက်ပွဲကြားကလာခဲ့တဲ၊့ နှစ်ပေါင်းများစွာ တိုက်ပွဲများစွာ
နဲ့ မှတ်ကျောက်တင်ထားတဲ့ ကျနော်တို့ခေတ်ရဲ့ မျိုးဆက်သစ် ခေါင်းဆောင်လို့ ပြောရမှာပဲ။ ဒီလို မင်းကိုနိုင်လိုမျိုး မျိုးဆက်သစ် ခေါင်းဆောက်တွေ ပေါ်လာဦးမလား ဆိုတာတော့ သံသယ မရှိပါနဲ့။ ထပ်ပြီး ပေါ်လာဦးမယ် ဆိုတာ ကိုတော့ ပြောချင်ပါတယ်”


အခုတက်လာတဲ့အစိုးရက ဒီမိုကရေစီလိုလားသူတချို့ပါဝင်တဲ့ လွှတ်တော်ကို ဖန်တီးလိုက်ပြီးတော့
 ပြည်သူတွေ ဆန့်ကျင်၊ အာဏာဖီဆန်တာကို လျော့နည်းလာအောင် လုပ်လိုက်တယ်လို့ မြင်သလား။


“အခုတက်လာတဲ့ ဦးသိန်းစိန်ရဲ့ ပါလီမန်အစိုးရဆိုတာက စစ်အာဏာရှင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အတုအယောင် လွှတ်တော်လုပ်ပြီးဖွဲ့ထားတဲ့ စစ်အာဏာရှင် အစိုးရလို့ပဲ ပြည်သူက ကောင်းကောင်းသိပါတယ်။ အမှန်တကယ်
ဖြစ်ရမှာက ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီက ပါလီမန်ဖွဲ့ပြီး အစိုးရ ဖွဲ့ရမှာပါ။ ဒါပေမဲ့ ဒီအဆင့်ကို
ရောက်မလာဘဲ ရှစ်လေးလုံး လူထုအုံကြွမှုကြောင့် လုပ်ပေးခဲ့ရတဲ့ ၉ဝ ရွေးကောက်ပွဲရလဒ်ကို ဦးသိန်းစိန် အစိုးရက အပြီးကို ဖျက်ပစ်လိုက်တဲ့ သဘောပါ။ ပြည်သူတွေရဲ့ ဒီမိုကရစီလိုလားတဲ့ဆန္ဒကို လုံးဝကို ဗြောင်ငြင်းဆန် ရိုက်ချိုး လိုက်တဲ့ သဘောပါ”

“ပြည်သူတွေကလဲ မျှော်မှန်းနိုင်တဲ့ သေချာတဲ့ အနာဂါတ်ဆိုတာ စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်
အောင် တော်လှန်ဆန့်ကျင်မှ ရမယ်။ တခုတည်းသော နိုင်ငံရေး ထွက်ပေါက်လို့ ပိုသိလာတော့ သိန်းစိန်အစိုးရကို
ပိုပြီး ဆန့်ကျင်လာလိမ့်မယ်လိုပဲ မြင်မိပါတယ်”



တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လွတ်လပ်ခွင့်တွေအတွက် ဖွဲ့စည်းပုံနဲ့စနစ်က ပိုအားနည်း လာစေတယ် ထင်လား။

“ဦးသိန်းစိန်အစိုးရ လက်ထက်မှာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဠာန်းခွင့်တို့၊ လွတ်လပ်ခွင့်ဆိုတာတွေကို မရနိုင်ဘူးဆိုတာ တိုင်းရင်းသားတွေ သိပါတယ်။ ပြည်တွင်းစစ် ပြန်ကြီးထွားလာပြီး စစ်ပြေးဒုက္ခသည် တွေပိုများ
လာပြီး တိုင်းရင်းသား ပြည်သူတွေ၊ ကလေးတွေ အိုးအိမ်စွန့်ပစ်ပြီးကို ပြေးလွှားနေ ကြရတာပါ။ စားစရာမရှိ
နေစရာမရှိ၊ ယခုလို ရာသီဥတုကလည်းဆိုး၊ မိုးက ကောင်းဆိုတော့ တော်တော်ကို ဒုက္ခ ရောက်တာကတော့
ဒီအစိုးရ လက်ထက်ပဲ။ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်မှုက ပိုပြီးတောင် အားကောင်းလာတယ်လို့
ပြောရမှာပဲ။ ပိုပြီး ပြန်စုစည်း ညီညွတ်လာတယ်လို့ ထင်တယ်”


အခု အစိုးရနဲ့ တိုင်းရင်းသားတပ်တွေ တိုက်ပွဲတွေ ဖြစ်နေတာကိုကော ဘယ်လိုသုံးသပ်မလဲ။

“ဦးသိန်းစိန်ရဲ့ စစ်အစိုးရမှာ အရေအတွက်အရပေါ့ဗျာ။ လက်နက်ကိုင် စစ်တပ်အနေနဲ့ အင်အားများနိုင်ပါတယ်။
ဒါပေမဲ့ အရေအတွက်အရသာ များတာကိုး။ ဘယ်လောက်ပဲများများပါ တရားမရှိရင်တော့ အင်အား မဖြစ်နိုင်ပါဘူး။ ဘယ်တော့မှ လက်နက်၊ လူအင်အားသာလွန်မှု တခုတည်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အင်အား နည်းသွားအောင် လုပ်လို့မရနိုင်ပါဘူး။ ဒီနေ့ စစ်အစိုးရတပ်တွေဟာ ကြေးစား အဆင့်ထက်ကို နိမ့်ကျသွားရုံ
သာမက တပ်ပြေးတွေကများ၊ အရည်အချင်းအရလည်း ကျဆင်းပြီး အကြီးအကျယ်ကို စစ်ရှုံးနေတာပဲ”


အစိုးရက ဒေါ်စုကို ဒီ့ထက်ပို လုပ်ဆောင်ခွင့် ပေးမယ်လို့ ထင်သလား၊ ဒါမှမဟုတ် မကြာသေးခင်က သတိပေးချက်ဟာ သူ့ရဲ့ လှုပ်ရှားမှုတွေကို နှိပ်ကွပ်ဖို့ အချက်ပြ လိုက်တယ်လို့ ထင်သလား။

“ဦးသိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဖြစ်နိုင်ရင် နေအိမ် အကျယ်ချုပ်နဲ့ ပြန်ချထားချင်တာပါ။ အခြေ
အနေ အရ မတတ်သာလို့သာ လွှတ်ထားတာလို့ ထင်ပါတယ်။ အခွင့်သာရင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ပြန်ချ၊ NLD တို့၊ CRPP တို့ကိုပါအပြီးအပိုင် ခေါင်းမထောက်နိုင်အောက် ဖျက်ချင်တာပါ”


တွေ့ဆုံ ဆွေးနွေးရေး အလားအလာကိုကော ဘယ်လိုမြင်ပါသလဲ။

“ပြည်တွင်းစစ်ကို ပြန်မီးမွှေးတာကိုတော့ မမေ့ပါနဲ့။ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့၊ တိုင်းရင်းသား
ခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ နိုင်ငံရေး အကျဉ်းသားတွေ ဒီအစိုးရ လက်ထက်မှာ လုံးဝလွှတ်နိုင်မယ့် အရိပ်အရောင် မမြင်ရသေးတာက အခိုင်အမာ သက်သေခံ နေတာပဲ။ ဒါက ဒီအစိုးရရဲ့ ရှင်းလင်းတဲ့ ပြည်သူတွေ အပေါ်မှာ ထားရှိတဲ့ နိုင်ငံရေး သဘောထားပဲလို့ပင် ရှင်းရှင်း မြင်ကြရမှာပါ။ ဒီအစိုးရမှာ နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာချင်တဲ့ ပုံသဏ္ဍန် လုံးလုံးမတွေ့ရသေးပါဘူး၊ အင်အားသုံး ထိပ်တိုင်ရင်ဆိုင် ဖြေရှင်နည်းကို ဆက်လက်ကျင့်သုံးလိပ်ဦးမယ်လို့ပဲ ယူဆပါတယ်”


၂ဝ၁၄ အာဆီယံဥက္ကဋ္ဌဖြစ်ဖို့ လက်ရှိအစိုးရက လုပ်နေတော့ လက်ရှိအနေအထားအရ ဆန့်ကျင်သင့် သလား၊ ထောက်ခံသင့်သလား။

“အာဆီယံဆိုတာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို လေးစားတန်ဖိုးထားတဲ့ စံတွေ၊ လိုက်နိုင်ရမဲ့ ကျင့်ဝတ်တွေနဲ့ ဖွဲ့ထားတဲ့ ဒီထက်ခိုင်မာတဲ့ အသင်းတခု ဖြစ်စေချင်တယ်။ နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို အခြားနိုင်ငံတခုက ဝင်ရောက် မစွက်ဖက်ရဘူးဆိုတဲ့ တရားသေမူ ရှိနေမှု၊ ဒီမူကို အဓိက ရှေ့တန်းတင် နေသ၍တော့ လူထုကို ဖိနှိပ်တဲ့ ဦးသိန်းစိန် အစိုးရမျိုးကိုလည်း တန်းတူထား နေရာပေးနေဦးမှာပါ၊ ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရမဟုတ်တဲ့အတွက် အာဆီယံမှာ ဥက္ကဋ္ဌ မဖြစ်အောင် ဆက်လက် ဆန့်ကျင်သင့်တယ်လို့ မြင်ပါတယ်”


ဆန်ရှင်လုပ်တာဟာ ၈၈ရဲ့အကျိုးဆက်ကြောင့် တစိတ်တပိုင်း ပါဝင်နေပါတယ်။ အစိုးရနဲ့ တချို့လူတွေက ပြည်သူတွေ ထိခိုက်တယ်လို့ ပြောနေတယ်။ ဒါကိုကော ထောက်ခံသင့် သလား၊ ဆန့်ကျင့်သင့်သလား။

“ကျနော်က မဆလခေတ်မှာ မွေးပြီး ကြီးလာတဲ့သူပါ။ ပြန်စဉ်းစားကြည့်တော့  ၆၂ ခုနှစ် နောက်ပိုင်း
မှာ တိုင်းပြည်က တဖြည်းဖြည်းချင်းကို ဆုတ်ယုတ် ဆင်းရဲသွားတာ ဒီနေ့ကတော့ အဆိုးဆုံးပေါ့။ နိုင်ငံတကာက စီးပွါးရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုကြောင့် ပြည်သူတွေထိခိုက်တာက အဓိကတော့ မဟုတ်ပါဘူး”

“ဥပမာဗျာ ကျွန်တော်ငယ်ငယ်ကဆိုယင် မဆလခေတ်က အမေကခိုင်းလို့ ခပ်ညံ့ညံ့ စပါးလုံးဒင်းကြမ်းနဲ့ ငစိန်ဆန်ကို အခေါက်ပေါင်း မရေတွက်နိုင်အောင် သမဝါယမဆိုတဲ့ ဆိုင်ကိုသွား တန်းစီပြီး အများနည်းတူပေါ့ ဝယ်စားကြရတာပဲ။
 ကျောက်ခဲလိုမာနေတဲ့ ငါးပိကို ပိသာလေးနဲ့ ထုခွဲပြီးရောင်းတာကို ကြိုက်ကြိုက် မကြိုက်ကြိုက် လူတွေက သမဝါယမဆိုင်က ဝယ်စားကြရတာနော်။ နောက်ပြီး တွန့်လိမ် ကောက်ကွေးနေတဲ့ ရွှေဝါဆပ်ပြာကို အကောင်းလုပ် သုံးနေခဲ့ကြရတဲ့ခေတ်ပဲ။ ဆိုလိုချင်တာကဗျာ ကျွန်တော် တို့ ငယ်ငယ်ကထဲက ပြည်သူတွေရော တိုင်းပြည်က မွဲနေပြီ ဆိုတာကို ပြောချင်တာပါ”


နိုင်ငံတကာနဲ့ ကုန်သွယ်မှုအခြေအနေကော ဘယ်လိုရှိနိုင်လဲ။

“ဒီအစိုးရလက်ထက်မှာ တရားမျှတတဲ့ ကုန်သွယ်မှုလည်း မဖြစ်နိုင်ဘူး။ နိုင်ငံတကာမှာလဲ အမြတ်ကိုသာ အဓိက ထားတဲ့ လူတွေကို ဂုတ်သွေးစုပ်ပြီး စီးပွားရှာနေတဲ့ ကုမ္ပဏီတွေက အများကြီးပါ။ တရားမျှတတဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ စည်းမျဉ်းဥပဒေတွေ မချနိုင်သေးတဲ့အခြေအနေမှာ ပြည်တွင်းသယံဇာတတွေကို ထင်တိုင်းကြဲရောင်းချ၊ ကိုယ်ကျိုး စီးပွားရှာနေတဲ့ အစိုးရလက်ထက်မှာ ဒီအစိုးရကို စီးပွားရေးအရ ပိတ်ဆို့ အရေးယူတာ ကောင်းပါတယ်။ ဖွင့်ကြည့်ပေးပါလား။ စစ်အစိုးရနဲ့ တချို့သော စီးပွားရေးကုမ္ပဏီတွေ ပေါင်းပြီး ပိုပြီး ထင်တိုင်းကြဲ ဂုတ်သွေးစုပ် လိုင်စင်ရသွားကြမှာပေါ့”


ဒီအနေအထားအရ လာမယ့် ၂ နှစ်အတွင်း မြန်မာပြည်ရဲ့ အနေအထားက ကောင်းလာ နိုင်မလား၊ ဆုတ်ယုတ်လားမလားဗျ။

“ကောင်းလာမယ့် အခြေအနေကို မျှော်လင့်ရင်း ကျနော်တို့ အားလုံးက တော်တော် အလုပ်လုပ်ကြ ရဦးမယ်လို့ ထင်ပါတယ်။ ဦးသိန်းစိန် စစ်အစိုးရကတော့ အလွယ်တကူနဲ့တော့ အာဏာကို လက်လွှတ်မှာတော့ မဟုတ်ဘူး။ အကောင်းအဆိုး အားလုံးဟာ ကျနော်တို့ အားလုံးပေါ် မူတည်တာပါ။ အပြောင်းအလဲကလည်း ပြည်တွင်းထဲကပဲ လူထုအင်အားနဲ့ပဲ အောင်ပွဲခံနိုင်မှာပါ။ မြန်မာပြည်ရဲ့ အနေအထားက ကောင်းကို ကောင်းလာရမှာပေါ့ဗျာ။ စစ်အာဏာရှင် စနစ်ဟာ အကြွင်းမရှိကို ချုပ်ငြိမ်ရမှာပါ။ အချိန်ကာလ အရကော မဝေးတော့ဘူးလို့လဲ ယုံကြည်ပါတယ်”

ထွန်းထွန်း | တနင်္လာနေ့၊ သြဂုတ်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၀၇ မိနစ်

Twitter Delicious Facebook Digg Stumbleupon Favorites More